အ-ထ-က(၇)အလုံ နှင့် အ-ထ-က(၄)အလုံ အသွားအလာ ကန့်သတ်​စောင့်ကြည့်စင်တာ မျာသို့ ​ တ​​နေ့စာအတွက် ထမင်းဘူး (၆၀၀)ဘူး၊ ငှက်​ပျောသီးနှင့် ​သောက်​ရေသန့်များ လှူဒါန်း

အလုံ   ​အောက်တိုဘာ   ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံနှင့် အ--က()အလုံ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယမန်​နေ့က တ​နေ့စာ အတွက် ထမင်းဘူး(၆၀၀)ဘူး၊ ငှက်​ပျော်သီးနှင့်သောက်​ရေသန့်များလာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလှူရှင် အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက် နွယ်သာကီ လမ်းနေလမ်းသူလမ်းသားများမှ နံနက်စာထမင်းဘူး(၂၀၀)၊​ နေ့လယ်စာ ထမင်းဘူး (၂၀၀)ဘူး နှင့် ညစာထမင်းဘူး(၂၀၀)ဘူး၊ တ​နေ့လုံးစာအတွက် စုစု​ပေါင်း ထမင်းဘူး(၆၀၀)ဘူး၊ ငှက်​ပျောသီးနှင့်သောက်​ရေသန့်တို့ကို  လှူဒါန်းခဲ့ရာ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်​ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အသွားအလာ ကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက် ရှိကြောင်း သိရသည်။

တင်တင်ချို(အလုံ)