ကျိုက်မရော သြဂုတ် ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ရုံးတို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ပြေစာအမှတ်တံဆိပ်အခွန်အသိပညာပေးဆွေနွေးပွဲကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြီး ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးအရာရှိဒေါ်ကြည်ကြည်ဟန်က အခွန်ပေးဆောင်ရခြင်း၏ ရည်ရွယ်ချက် ၊ ပြည်တွင်းအခွန်များဦးစီးဌာန ၏ ကျင့်သုံးနေသောဥပဒေများ၊ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်မှုအား ဒဏ်ငွေတပ်ရိုက်ခြင်း၊ ပျက်ကွက်မှုအား တိုင်ကြားခြင်းစသည့် အကြောင်းအရာများအား ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)