စဉ့်ကိုင် သြဂုတ် ၂၈
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုင်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ များ ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဦးသန်းအောင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယကမှ ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် ကလေးငယ်များအား ပြိုင်ပွဲ၀င်လိုစိတ် ရှိလာအောင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုများ အပြင် ပြိုင်ပွဲ၀င် ဆုများပါ ချီးမြှင့်ပေးစေလိုကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဦးသန်းဝင်း၊ ပညာရေးဌာနက ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ်ပြီး အကဲဖြတ် အမှတ်ပေးဒိုင်များ ရွေးချယ်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူ အဖွဲ့၀င်များဖြစ်သော ဦးအေးကို၊ ဦးအောင်ဆန်း၊ ဒေါ်ခင်ဆန်းတို့က ပြိုင်ပွဲနှင့် ပတ်သက်သည့် ပြိုင်ပွဲ၀င် ကျောင်းသား ဦးရေ အားလုံး ပြိုင်ပွဲ၀င်လိုစိတ်ရှိလာအောင် ကြိုးစားချင်စိတ် ရှိလာအောင် ပြိုင်ပွဲ၀င်ဆုများ ချီးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေး စိတ် ဆွေးနွေးခဲ့ကြသည်။
ဝင်းဝင်းသန်း(ပြန်/ဆက်)