သီပေါမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ ဩဂုတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီက အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ   မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြပွင့်ဖြူက မုန်တိုင်းဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း၊ ဆက်လက်၍ မုန်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် စာရေးကိရိယာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)