ပေါက်တောမြို့၌ စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပေါက်တော ဩဂုတ် ၂၈

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ် (၅)ရပ်၊ဦးတည်ချက်(၉)ရပ် တို့အောင်မြင်စွာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းကြီး ( ၅)ကြောင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြသည်။

ထို့သို့ ကွင်းဆင်း​ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းအဖွဲ့သည် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ တောင်သူဦးထွန်းသာစိန်၏ ကွင်းအမှတ် ၁၀၅၈(B) မိုးစပါး SRI စံပြကွက်နှင့် တောင်သူ ဦးသောင်းကျော်ဇံ၏ ကျားပျံစပါးမျိုး ဘောင်ဖော်ကြဲခင်းဖြင့် အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)