မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မဟာမြိုင်စည်ပင်၀န်ထမ်းအိမ်ရာ၌ သံဃာတော်များအား ဘုံဆွမ်းလောင်း လှုဒါန်း

မဟာအောင်မြေ ဩဂုတ် ၂၈

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မဟာမြိုင်စည်ပင်၀န်ထမ်းအိမ်ရာ၊ ၃၆ လမ်း၊ ၆၈ လမ်းနှင့် လမ်း ၇၀ ကြားတွင် နေထိုင်သည့် ၀န်ထမ်းမိသားစုများမှ စုပေါင်း၍ အပတ်စဥ် တနင်္ဂနွေနေ့တိုင်း လေးပြင်လေးရပ်မှ သံဃာတော်များအား ဘုံဆွမ်းလောင်းလှူကြသည်။

ဘုံဆွမ်းလောင်းလှူရာတွင် ၀န်ထမ်းမိသားစု၀င်များက လေးပြင်လေးရပ်မှ သံဃာတော်များအား (၄၂) ကြိမ်မြောက်အဖြစ် ဆွမ်း၊ ငါး‌ခြောက်အားလူးချက်ဟင်း၊ သရက်ချဉ်သုပ်တို့ကို ၃၆ လမ်းနှင့် ၆၉ လမ်းထောင့်တွင် ပြင်ဆင်၍ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များအား နံနက် (၅) နာရီခွဲမှ စတင် လောင်းလှူ ကြည်ညိုခဲ့ကြပြီး အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ဆက်လက်လောင်းလှူကြမည်ဖြစ်၍ ဆရာတော်သံဃာတော်များအား ကြွရောက်အလှူခံနိုင်ရန် ပင့်ဖိတ်ထားကြောင်း သိရသည်။

အောင်ဇော်မင်း