ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါး(၅၀၆၅၇)ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဩဂုတ် ၂၈

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှင်တွင် ဒေသအတွင်း ဆန်စပါး ဖူလုံပိုလျှံရေး မိုးစပါး (၅၂၈၁၇)ဧက လျာထားစိုက်ပျိုးရာ (၅၀၆၅၇)ဧက စိုက်ပျိုးပြီးကြောင်းနှင့် လျားထားမိုးစပါးဧကများ ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာမှ ဇော်ဂျီ၊ ကင်းတား၊ သတက္ကုန်း ဆည်များမှ  ရေပေးမြောင်းများ အလိုက် စပါးစိုက်ရေ များအား အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများ စိုက်ပျိုးရာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့်(၃၅၆၇၉) ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် (၁၄၄၂၅)ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် (၁၉၆)ဧက၊  စက်ရေတွင် (မြေအောက်ရေ)ဖြင့် (၁၂၀)ဧက၊ မိုးကောင်းသောက်(မိုးရေ)ဖြင့် (၂၃၇)ဧက စုစုပေါင်း (၅၀၆၅၇)က စိုက်ပျိုးပြီးကြောင်းနှင် စပါးမျိုးများမှာ မနောသုခ(၃၃၇)ဧက၊ ပေါ်ဆန်းဘေးကြား (၁၀)ဧက၊ ဧရာမင်း(၅၀၂၉၁) ဧက၊ နယူးဧရာ(၄)ဧက၊ GW-11 (၁၅)ဧက ဖြစ်ကြောင်း သိရသည်။

မိုးစပါး စိုက်ခင်းများ အောင်မြင်ရေးနှင့် အထွက်နှုန်း ကောင်းမွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်းစနစ်များ မှန်ကန်စေရေး နည်းပညာများ စနစ်တကျ ကူညီးပေးလျက်ရှိပြီး ဒေသအလိုက် ပျိုးထောင်စိုက်ပျိုးခြင်း၊ ဘောင်ပျိုးစိုက်ပျိုးခြင်း၊ မျိုးစေ့ တိုက်ရိုက်ချစိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးလျက်ရှိရာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေလျက် ရှိကြောင်းနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာမှ အချိန်ကုန် သက်သာစေရေးနှင့် လုပ်ငန်းများ တွင်ကျယ်စေရေး စက်ကိရိယာများဖြင့်  ကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)