မြင်းခြံ ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၆) ရပ်ကွက်၌ ယမန်နေ့ ညနေ (၃) နာရီ အချိန်မှ စတင်ကာ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နေ ပြည်သူများ စားဝတ်နေရေးနှင့် ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေနိုင်ရန်အတွက် မီးဖိုချောင်သုံး စားအုန်းဆီများကို သက်သာသောဈေး နှုန်းဖြင့် ရောင်းချပေးရာ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာကို (၄၄၅၀) ကျပ်ဖြင့် အိမ်ထောင်စု (၅၀၀) စုအား ရောင်းချပေးလျက်ရှိသည်။ အဆိုပါ စားအုန်းဆီရောင်းချရာတွင် Mobile ကားဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံရောင်းချပေး သွားမည်ဖြစ်ပြီး တစ်လလျှင် ဆီပိဿာ (၁၀၀၀၀) ခန့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)