သန်လျင် သြဂုတ် ၂၈
သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၄-၂၀၁၅ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၃၁)ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစီမံကိန်းမှရရှိသော အတိုးငွေများဖြင့် ကျေးရွာပေါင်း(၂၁)ရွာတွင် လုပ်ငန်းပေါင်း(၄၇)ခုဆောင်ရွက်ခဲ့ပြီး ကျန်ကျေးရွာ(၁၀)ရွာတွင် သတ်မှတ်ကာလပြည့်သည့်နှစ်တွင် လုပ်ငန်းများဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းသည် အရင်းမပျောက်စီမံကိန်းရန်ပုံငွေဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရန်ရင်းနှီးမတည်ထုတ်ချေးပေးသည့် ချေးငွေများအား သတ်မှတ်ကာလပြည့်သည့်နှစ်တွင် ပြန်လည်ပေးဆပ်၍ထပ်မံထုတ်ချေးသောစနစ်ဖြစ်ပြီး လည်ပတ်ရန်ပုံငွေဖြစ်သည်။
သြဂုတ် ၂၇ ရက်က သန်လျင်မြို့နယ်လဟာရက်ကျေးရွာတွင် စီမံကိန်းရန်ပုံငွေချေးယူခြင်းသည်လာမည့် စက်တင်ဘာလတွင်ပြည့်မည်ဖြစ်ရာ ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဝင်များအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မြတ်မြတ်မော်နှင့်ဝန်ထမ်းများက စီမံကိန်းရန်ပုံငွေများပြန်လည်ပေးဆပ်ရေး၊ ထပ်မံထုတ်ချေးမည့်အစီအစဉ်များအား ကျေးရွာဓမ္မာရုံတွင် အသေးစိတ်ရှင်းလင်းဆွေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်ဆက်)