ဒလမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများမှ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

ဒလ သြဂုတ် ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက်ရုံးဖွင့်ချိန်မှစတင်၍ အများပြည်သူများအသိပညာ ဗဟုသုတရရှိစေရေးရည်ရွယ်ပြီး ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိသည်။

ထိုသို့ မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိတ်သတ်များအတွက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် စိတ်ဝင်စားမှုရှိပြီး အသိပညာဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်များနှင့် လစဥ်အသစ်ရောက်ရှိလာသည့် စာအုပ်၊ စာစောင်များအား Online မှတစ်ဆင့် မိတ်ဆက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် စာပေဝါသနာရှင်များမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ နေ့စဥ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိပြီး စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ဌားရမ်းပေးလျက်ရှိကြောင်းသိရ သည်။

မြင့်ဇော်