မုဒုံမြို့တွင် မီးဘေးလုံခြုံရေး လျှပ်စစ်မီးကြိုးများသွယ်တန်းထားမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

မုဒုံ     သြဂုတ်    ၂၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး လျှပ်စစ်အန္တရာယ်ကြောင့် မီးလောင်ဆုံးရှုံးမှုမဖြစ်ပွားစေရန်အတွက်  မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း(လျှပ်စစ်အင်ဂျင်နီယာရုံး)နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွက် အဆောက်အဦများတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများ၊ မီးသတ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ သွယ်တန်းထားရှိသည့် လျှပ်စစ်မီးကြိုးများကောင်းမွန်မှု ရှိ/မရှိ၊ မိန်းခုံ၊ မိန်းခလုတ်များ၊ မီးပလပ်ပေါက်များစနစ်တကျနှင့် တပ်ဆင်ထားရှိမှုအခြေအနေ၊ သွယ်တန်းထားသည့် မီးကြိုးများသတ်မှတ်အရည်အသွေးနှင့်ကိုက်ညီမှု ရှိ/မရှိအခြေအနေ၊ မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ကြပြီး မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)