မုဒုံ သြဂုတ် ၂၈
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မုဒုံမြို့နယ် ဒုတိယပညာရေးမှူးဦးဝင်းနိုင်က ဘိုးဘွားများအစဥ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာသည့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အမွေအနှစ်များကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကိုဖြစ်မြောက်အောင် ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ပေးကြသည့် တာဝန်ရှိသူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံပညာ(၁၀-၁၅) ခေတ်ဟောင်းကာလပေါ် အဆို၊ အက၊ ကဗျာလွတ်ပြိုင်ပွဲ၊ (၁၅-၂၀) ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲတို့တွင် မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၂၆)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ မုဒုံမြို့နယ်ဒုတိယပညာရေးမှူးဦးဝင်းနိုင်၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ အကဲဖြတ်ဒိုင်ဆရာမများ၊ မိဘများနှင့် ကျောင်းသား/သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)