ချောင်းဆုံ ဩဂုတ် ၂၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများ စားရေရိက္ခာဖူလုံရေး ဒေသဝမ်းစာစပါးဖူလုံစေရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း မိုးစပါး စိုက်တောင်သူများအနေဖြင့် စိုက်ဧက (၆၅၂၄၂) စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားလျက်ရှိပြီး ဩဂုတ်လတတိယအပတ်တွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု လျာထားချက် ပြည့်မီကျော်လွန်စေရေး ၊ မျိုးကောင်းမျိုးသန့် စပါးများစိုက်ပျိုး၍ အထွက်နှုန်းတိုးပွားစေရေး၊ စိုက်နည်းစနစ်နှင့် သဘာဝမြေသြဇာသုံးစွဲမှု နည်းစနစ်မှန်ကန်စေရေးအတွက် ဝန်ထမ်းများမှ ကွင်းဆင်းပြီး တောင်သူများအား အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း (၂၀၂၃)ခုနှစ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရာသီအတွင်း အထွက်နှုန်းတိုးပြီး အရည်အသွေးပြည့်မီသည့် စိုက်ပျိုးနည်းစနစ်ကောင်းများရရှိနိုင်ရန်တာဝန်ရှိသူများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ယခင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက (၆၅၁၀၅)ဧကစိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက်(၁၃၇)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)