မြင်းခြံ ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့နေ့ယ် (၁) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အဆိုပါသင်တန်းသို့ တက်ရောက်ကြသော သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတက်ရောက်သော သင်တန်းသူ (၁၅)ဦးအား မြင်းခြံခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းမှထွက်ရှိသော တန်ဖိုးမြှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့သည်။ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၇) ရက်ကြာ သင်ကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)