ဂွ သြဂုတ် ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီအုန်းသီးပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇီးကုန်းကျေးရွာ၊ ဘုရင်မဘောလုံးကွင်းဘေးရှိ စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဂွမြို့နယ်တွင် သဘာဝဘေးဒဏ်ခံနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အုန်းသီးပင် ၁၀၅ ပင်အား စံပြစိုက်ခင်းတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်