ဂွ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ရွှံဂဏန်းအခွံမာများအား ကန်များအတွင်း ခြင်းများဖြင့်ထည့်၍ အခွံပျော့ဂဏန်း ဖြစ်သည်အထိ မွေးမြူထားရှိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်ရောင်းချရန် စီစဉ်လုပ်ဆောင်လျက်ရှိနေသည့် GW NINE FIVE (SSC CRAB) လုပ်ငန်းမှာအောင်မြင်လျက်ရှိကြောင်း လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူ Operations Manager ဦးသန်းဇော်ဦးထံမှ သိရသည်။
“ကျွန်တော်တို့ ဒီလုပ်ငန်းကို၂၀၂၂ခုနှစ်၊ ဧပြီလမှစတင်ကာ ကန်များကို တူးဖော်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလတွင် ဂဏန်းစထည့်ကြောင်း၊ လုပ်ငန်းစတင် လုပ်ကိုင်ပုံအဆင့်ဆင့်မှာ ကန်များကိုအရင်ပြင်ကြောင်း၊ ကန်များပြင်ပြီးလျှင် ဖောင်ဆွဲရန် တံတားများဆောက်ကြောင်း၊ ပြီးလျှင်ခြင်းကွက်များထည့်ရန် PCP ပိုက်များနှင့် ဖောင်များလုပ်ကိုင်ကြောင်း၊ ဖောင်များပြင်ပြီး လျှင်ကန်ထဲသို့ ရေထည့်ကြောင်း၊ ပြီးလျှင်ရေပြန်ထုတ်ကြောင်း။ ရေကန်ကိုသန့်ရှင်းရေးလုပ်ပြီး ဂဏန်းမထည့်ခင် ရေကိုတစ်ပါတ်လောက်ခန့်က သွင်းထားပြီး ရေကောင်းသွားလျှင် ဂဏန်းကို စထည့်ကြောင်း။ 100kg အောက် ရွှံ့ဂဏန်းပျော့ အခွံမာများကိုဝယ်ယူပြီး အခွံပျော့ဂဏန်းအဖြစ် မွေးမြူခြင်းလုပ်ငန်းကို လုပ်ကိုင်ကြောင်း။ ဂဏန်းပျော့များရလာလျှင် အောက်ဆီဂျင်ပေးပြီး ရန်ကုန်မြို့တွင်ရှိသည့် အအေးခန်းစက်ရုံများသို့ နေ့စဥ်တင်ပို့ကြောင်း။ ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ကုမ္ပဏီများမှတဆင့် ပြည်ပနိုင်ငံများသို့ Exports ဆက်လက်တင်ပို့ကြောင်းနှင့် နောင်နှစ်များတွင်လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ကာ ပြည်ပဈေးကွက်များအထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ နိုင်ငံ့အကျိုးစီးပွားအတွက် မွေးမြူရေးလုပ်ငန်းအနေဖြင့် ဂဏန်းပျော့မွေးမြူပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက်ရန် စီစဉ်လုပ်ဆောင်လျက်ရှိနေသည့် GW NINE FIVE (SSC CRAB) လုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ရီက ဂဏန်းပျော့မွေးမြူခြင်းလုပ်ငန်း စတင်လုပ်ကိုင်ကတည်းက ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းအောင်မြင်အောင် ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
အဆိုပါ GW NINE FIVE (SSC CRAB) ဂဏန်းပျော့မွေးမြူခြင်းလုပ်ငန်းသည် မွေးမြူရေးကဏ္ဍ တစ်ရပ်အနေဖြင့် နိုင်ငံ့အကျိုး စီးပွားအတွက် မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ ဒေသခံပြည်သူရာဂဏန်းအထိ အလုပ်အကိုင်အခွင့်အလန်းများ ပွင့်လန်းလျက် ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်