သာကေတမြို့နယ်ရှိ FORTUNE PLAZA ဝင်းအတွင်း ဖွင့်လှစ်ထားသော ဟပ်ပီးကိုဗစ်စင်တာအား တားမြစ်နယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်

သာကေတ အောက်တိုဘာ ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီးနှင့် သုမနလမ်းထောင့်ရှိ FORTUNE PLAZA ဝင်းအတွင်း ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ လူနာများ ထားရှိရာ ဟပ်ပီးကိုဗစ်စင်တာအား အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဟပ်ပီးကိုဗစ်စင်တာ၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မလိုလားအပ်သော အနှောက်အယှက်များ မဖြစ်ပေါ်စေရေး၊ မလိုလားအပ်ဘဲ ဖြတ်သန်းသွားလာမှုမရှိစေရေး လူနာများနှင့် ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ လုံခြုံမှုရှိစေရေး၊ အများပြည်သူ စိတ်အနှောက်အယှက် မဖြစ်ပေါ်စေရေးအတွက် တာဝန်မဲ့ ဝင်/ထွက် သွားလာခြင်းတို့အား တားဆီးပိတ်ပင်ရန် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး အရှေ့လားသော် မင်းနန္ဒာလမ်းမကြီး၊ အနောက် လားသော် ၂/တောင်ရပ်ကွက်၊ တောင်ဘက် လားသော်သုမနလမ်း၊ မြောက်ဘက်လားသော် /မြောက်ရပ်ကွက်အထိ သတ်မှတ်ဧရိယာ အတွင်း တာဝန်ရှိသူနှင့် ခွင့်ပြုချက် ရရှိသူမှအပအခြား မည်သူမျှ ဝင်/ထွက်သွားလာခြင်းများ မပြုလုပ်ရန် အမိန့်ထုတ်ပြန်သည့် နေ့မှစ၍  () လတာ ကာလသတ်မှတ် လိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ကိုဘုန်း(ပြန်/ဆက်)