ရမည်းသင်း သြဂုတ်၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကုတင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ"ကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်လူရွယ်များအား ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်၊ အကျင့်စာရိတ္တနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရမည့် ကိုယ်ကျင့်တရားနှင့် ပြည့်ဝသည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် သိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ပြန်လည်ဖြေကြားခဲ့ပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်