ချောင်းဆုံမြို့နယ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာပေး ရှင်းလင်းပွဲ ကျင်းပ

ချောင်းဆုံ ဩဂုတ် ၂၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်းသည့် အသိပညာပေးရှင်းလင်းပွဲကို ဩဂုတ်၂၅ရက် မွန်းလွဲ၂နာရီခွဲအချိန်က မြို့နယ်ကျွန်းသာယာ ခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခေတ္တ) ဥက္ကဋ္ဌ ဦးစံရင်မော်က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ချိုက အခွန်ပေးဆောင်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ကျင့်သုံးနေသည့် ဥပဒေများ၊ ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေထည်လက်ဝတ်ရတနာ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်း များရောင်းချခြင်း       စသည့်အကြောင်းအရာများ၊ လုပ်ငန်းရှင်များအားပြေစာများအပေါ် အခွန်အမှတ် တံဆိပ်ကပ်နိုင်ရန်ပျက်ကွက်မှုကို ဒဏ်ငွေရိုက်ခြင်း၊ တိုင်ကြားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့်အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်း ကြရာတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။

ချောင်းဆုံ (ပြန်/ဆက်)