မိုးမိတ် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၏ ဦးဆောင်မှုဖြင့် ပူးပေါင်းအဖွဲ့တို့သည် ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုတုသ တိုးပွားစေရေးနှင့် လူကုန်ကူးမှုအန္တရာယ်တို့ အတွက်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ညောင်ပင် စောက်) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ရဲစခန်းမှ ရဲမှူးကျော်အေးလှိုင်က ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများပတ်သက်၍ လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းပီးကလူကုန်ကူးမှု အများဆုံး ဖြစ်ပွား ရပုံများ နှင့်ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးမှူး ဒေါ်ခင်ချိုလင်းသက်က ကလေးသူငယ်ဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးပိုင်စိုးဦးက လူကုန်ကူးမှုဆိုင်ရာ ဥပဒေပုဒ်မများနှင့်ပတ်သက်၍ လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ်များထဲမှ မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ် ၊ မုန်းတိုင်းအန္တရာယ်တို့နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များတို့သည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော လူကုန်ကူးမှုအန္တရာယ်၊ ပလတ်စတစ် လျှော့ချမှု၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြဘုတ်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)