သင်္ဃန်းကျွန်း ဩဂုတ် ၂၆
၂၀၂၃ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးမှ အောင်မြင်စွာကျင်းပရေးအတွက် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှဥက္ကဋ္ဌ ဦးထူးလွင်က ၂၀၂၃ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို တိုင်းအဆင့်တွင် သင်္ဃန်းကျွန်ခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်တို့မှ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ (၁၀) ခုနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်၍ တိုင်းဂုဏ်ဆောင်နိုင်မည့် ရွက်ပုံးသီးများကို ထိထိမိမိဖော်ထုတ်နိုင်ရန်၊ မနှစ်ကတွေ့ကြုံခဲ့ရသည့် ဟာကွက်များကို ယခုနှစ်တွင် ဖြည့်ဆည်း ဆောင်ရွက်သွားကြရန်၊ သတ်မှတ်ထားသည့်ခေါင်းစဉ်အလိုက် မိမိတို့ခရိုင်အဖွဲ့က ပါဝင်ယှဉ်ပြိုက်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက် တက်ရောက်လာကြသော ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီနှင့် ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီ များက ၂၀၂၃ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)