ကွတ်ခိုင်မြို့၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ကွတ်ခိုင် ဩဂုတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ပေးရေးလုပ်ငန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်သင်တန်းကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက်(၁၁) နာရီအချိန်က နမ့်ဖတ်ကာကျေးရွာ KBC ဇွပ်ဂျာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ လာရှိုးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကြည်‌မော်က ကျေးလက်နေပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထူထောင်နိုင်ရန်၊  အသေးစားစက်မှုလက်မှုလုပ်ငန်းများ တိုးပွားလာစေရန်နှင့် တစ်ဦးချင်းဝင်ငွေတိုးပွားလာပြီး မိသားစုဝင်ငွေကို အထောက်အကူဖြစ်စေ၍ လူမှု့ဘဝဖွံ့ဖြိုးတိုးတက်စေကာ ဆင်းရဲမှုလျော့ချရေးတို့အတွက် အခြေခံစက်ချုပ်သင်တန်းကို အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြား၍ သင်တန်းနှင့်ပတ်သက်သည်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါအခြေခံစက်ချုပ်သင်တန်းကို ၂၄-၈-၂၀၂၃ရက်နေ့မှ ၂၂-၉-၂၀၂၃ရက်နေ့ထိ (၁) လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်အားသင်တန်းသူ (၁၀) ဦးတက်ရောက်သင်ကြားလျက် ရှိပါသည်။

မြို့နယ်(ပြန်/ဆက်)