လွိုင်လင် ဩဂုတ် ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းပေါင်းစုံ အသက် (၁၂)/(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းဝင်ရောက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်အား အလေးပြုကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးစံလှိုင်တို့က အသီးသီးအမှာစကား ပြောကြားကြသည်။ ယင်းနောက် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြသည်။ ထို့နောက် ခရိုင်ဥက္ကဋ္ဌနှင့် အကြီးအကဲများမှ အားကစားအဖွဲ့များအား လိုက်လံနှုတ်ဆက်ကြသည်။ ဆက်လက်၍ အားကစားအသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွါကြပြီးနောက် ကျောင်းကျောင်းစုံ (အေရိုးဗစ်)အဖွဲ့များ၊ အ.ထ.က(၃) မှကျောင်းသား/ကျောင်းသူများက မြန်မာ့သိုင်း သရုပ်ပြသခြင်း၊ အ.ထ.က(၃)မှ ဘင်ခရာတပ်ဖွဲ့က သရုပ်ပြသခြင်းများ ပြသကြရာ အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများမှ ကြည့်ရှုအားပေးကြသည်။
အဆိုပါ ကျောင်းပေါင်းစုံ အသက် (၁၂)အောက်အမျိုးသား ဘောလုံးအသင်း (၁၁) သင်းနှင့် အသက် (၁၈) နှစ်အောက် အမျိုးသား ဘောလုံးအသင်း (၈) သင်း၊ စုစုပေါင်း ဘောလုံးအသင်း (၁၉) သင်းတို့ဝင်ရောက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်