နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

လယ်ဝေး သြဂုတ် ၂၆

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ လယ်ဝေးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သရက်ကုန်းကျေးရွာရှိ ဦးမိုးမောင်မောင်ဝင်း၏ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးက စိစစ်ရေးအဖွဲ့အနေနှင့် တိုးချဲ့မွေးမြူနိုင်မည့် အခြေအနေအနေများကို လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့် ညီညွတ်ကြောင်း ဆွေးနွေးတင်ပြကာ မြို့နယ်မွေးကုဦးစီးမှူးက လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒေသခံတောင်သူဦးစိန်ဝင်းက စိုက်ပျိုးသီးနှံများအတွက် ရေရရှိရေး ဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ သရက်ကုန်းကျေးရွာနေ မွေးမြူရေးလုပ်ငန်းရှင် ဦးစိုးလှိုင်မင်းက ၎င်းသည် လက်ရှိတွင် ကြက်အကောင် ၅၀၀ နှင့် ဝက်မျိုးမခြောက်ကောင်ကို မွေးမြူထားရှိလျက်ရှိရာ လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ အစုအဖွဲ့ဖြင့် ချေးငွေရရှိရေးဆောင်ရွက်ပေးနိုင်မှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်ဆောင်းနှင်းဝေက နွားမွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည်များကိုတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းတို့နှင့် သက်ဆိုင်ရာဌာနများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ သရက်ကုန်းကျေးရွာမှ ဦးခင်မောင်ရွှေ၏ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိပြီး မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ရာ ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူးက စိစစ်ရေးအဖွဲ့အနေနှင့် တိုးချဲ့မွေးမြူနိုင်မည့် အခြေအနေအနေများကိုလုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့် ညီညွတ်ကြောင်းဆွေးနွေးတင်ပြဆွေးနွေးကာ မြို့နယ်မွေးကုဦးစီးမှူးက လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။

အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သော လယ်ဝေးမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် တိုးချဲ့မွေးမြူနိုင်ရေးအတွက် ကျေးရွာရှိ ဦးမိုးမောင်မောင်ဝင်းသည် လက်ရှိမွေးမြူနေသော အသားတိုးကြ​က် ကောင်ရေ ၃၀၀၀  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နှစ်ယူနစ်မှ ကောင်ရေ  ၃၀၀၀ မှာ ရောက်ရှိနေပြီး မွေးမြူထားရှိပြီးကြောင်းနှင့် ဦးခင်မောင်ရွှေ၏ဝက်ခြံတွင်လည်း လက်ရှိ အကောင်ရေ ၉၀ မွေးမြူထားရာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူလိုသော တစ်ယူနစ် အကောင်ရေ ၁၀၀ မှာ ရောက်ရှိမွေးမြူနေပြီဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)