လူနေအိမ်ပေါ်လဲကျနေသည့် ကုက္ကိုပင်အား မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှား

ဒဂုံတောင် ဩဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၇၀ ရပ်ကွက် ရွှေပြည်အေးလမ်းရှိ နေအိမ်ပေါ်သို့ ကုက္ကိုပင်လဲကျနေခြင်းအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၃ နာရီ ၂၀ မိနစ်က ရှင်းလင်းဖယ်ရှားပေး‌ကြောင်း သတင်းရရှိသည်။

အဆိုပါလဲကျနေသည့် ကုက္ကိုပင်သည် ပင်စည်လုံးပတ် ၅ ပေပတ်လည်ခန့်၊ အမြင့် ၃၀ ပေရှိပြီး ကုက္ကိုပင်လဲကျနေမှုကို ဒဂုံမြို့သစ်(တောာင်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးမြင့်သူဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် သွားရောက်ရှင်းလင်း ဖယ်ရှားပေးကြောင်း သိရသည်။

အဆိုပါ ကုက္ကိုပင်လဲကျမှုကြောင့် နေအိမ်တံစက်မြိတ် အနည်းငယ်ပျက်စီးဆုံးရှုံးမှုရှိကြောင်းသိရပြီး လူနှင့်တိရစ္ဆာန်ထိခိုက် ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

သန်းသန်းအေး