မန္တလေးမြို့တော် သန့်ရှင်းသာယာလှပရေးလူအင်အားနှင့် စက်ယန္တရားများအသုံးပြုဆောင်ရွက်

မဟာအောင်မြေ ဩဂုတ် ၂၆

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ကမ်းနားလမ်းနှင့်သဂ်ဇာချောင်း သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကိုစီမံချက်ချမှတ်၍ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းကဏ္ဍအသီးသီးခွဲခြား၍ လူအင်အားနှင့်စက်ယန္တရားများ အသုံးပြုဆောင်ရွက်လျက်ရှိသည်။

ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် ယမန်နေ့က ကမ်းနားလမ်းသန့်ရှင်းသာယာလှပရေးအတွက် ၂၆ လမ်းနှင့် ၃၅ လမ်းကြားရှိ လမ်းလယ်ကျွန်းရှိ မြက်ကြမ်းများရှင်းလင်းခြင်း၊ တယ်ပင်များကိုပန်းဥယျာဥ်နှင့် ကစားကွင်းများဌာန အထူးလုပ်ငန်းဌာနခွဲမှ လုပ်သားများနှင့်စက်ယန္တရားများဖြင့် ပုံသွင်းခြင်းနှင့် သစ်ကိုင်းများညှိခြင်းနှင့် အမှိုက်များသိမ်းဆည်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာ(၁၄)ပင်ပြီး‌စီးခဲ့ပြီး လမ်းဘေးဝဲယာရှိ အရိပ်ရပင်များအလင်းဖွင့်ခြင်း၊ ဘက်ညီအောင်ဝိတ်ညှိခြင်းဆာင်ရွက်ခဲ့ရာ (၁၀)ပင်ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့သည်။

ကမ်းနားလမ်းသန့်ရှင်းသာယာလှပရေးအတွက် ချမ်းအေးသာစံမြို့နယ်သန့်ရှင်းရေးဌာနတာဝန်ရှိသူများသည် ကမ်းနားလမ်းတလျှောက်တွင် ဖုန်၊ သဲ၊ အမှိုက်များကို လှည်းခြင်း၊ အမှိုက်‌ကောက်ဆောင်ရွက်ခြင်းနှင့် သိမ်းဆည်းခြင်းလုပ်ငန်းများကို လုပ်သားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

သင်္ဂဇာချောင်းသန့်ရှင်းသာယာလှပရေးအတွက် ချမ်းအေးသာစံမြို့နယ် သန့်ရှင်းရေးတာဝန်ရှိသူများသည် သင်္ဂဇာချောင်းအနောက်ဘက်ပတ်လမ်း ၃၄ လမ်းနှင့် ၃၅ လမ်းကြားတွင် မြက်ဖြတ်ခြင်း၊ အမှိုက်ကောက်ဆောင်ရွက်ခြင်းနှင့်သိမ်းဆည်းခြင်းလုပ်ငန်းကို သန့်ရှင်းရေးလုပ်သားများကစုပေါင်းဆောင်ရွက်ခဲ့ကြသည်။

သင်္ဂဇာချောင်းသန့်ရှင်းသာယာလှပရေးအတွက် ချမ်းအေးသာစံမြို့နယ်သန့်ရှင်ရေးဌာနတာဝန်ရှိသူများသည် သင်္ဂဇာချောင်းအနောက်ဘက်ပတ်လမ်း ၃၅ လမ်းမြောက်ဘက်ခြမ်းနှင့် အောင်မင်္ဂလာတံတား‌တောင်ဘက်ကမ်းစပ်ရှိ ဒိုက်နှင့်အမှိုက်များကို လုပ်သားအင်အားဖြင့် စုပေါင်းဆယ်ယူရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း