မချမ်းဘော သြဂုတ် ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အသက်(၆)လမှ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက်(၁၁) နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် အသက်(၆)လမှ (၅)နှစ်အောက် ကလေးငယ်များ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ လက်မောင်း ပတ်တိုင်းတာခြင်း၊ အသက်(၆)လမှ(၁)နှစ်ထိ ကလေး ငယ်များအား ဗီတာမင်အေတစ်သိန်းအား၊ အသက် ၂ နှစ်မှ ၅ နှစ်ထိ ကလေးများအား ဗီတာမင်နှစ်သိန်းအား တိုက်ကျွေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းများပါ ဆောင်းရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ( မချမ်းဘော့)