မိုင်းယန်း ဩဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတောင်သူ လယ်သမားများအား ယူရီးယားဓါတ်မြေဩဇာနှင့် သဘာဝမြေသြဇာရောစပ်၍ အချိန်ကိုက်ထည့်သွင်း အသုံးပြုနိုင်ရန် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက မိုင်းလွေကျေးရွာအုပ်စု ယန်းခိုင်ကျေးရွာ၌ ဆောင်ရွက်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန် ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သော ယူရီးယားမြေသြဇာ အချိုးကျအချိန်ကိုက် ထည့်သွင်းအသုံးပြုနိုင်စေရန်အတွက် မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းမှ တောင်သူများအား ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်အသုံးပြုပုံကို အသိပညာပေး လက်တွေ့သရုပ်ပြသပြီး ယန်းခိုင်ကျေးရွာ တောင်သူဦးအိုက်စိုင်း၏ မိုးစပါးဆင်းဧကရီ-၃ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စံပြကွက်၌ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများတို့မှ ယူရီးယားနှင့် သဘာဝမြေသြဇာအရောအား ထည့်သွင်းသရုပ်ပြခဲ့ကြကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲသို့ မိုင်ယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မိုင်းယန်းမြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ မျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူစုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး