ပူတာအိုမြို့ အိမ်တွင်းမှုသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပူတာအို ဩဂုတ်၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်()ရပ်အနက်မှ လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သည့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့် ဦးတည်ချက်နှင့်အညီ လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်၊ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ နူတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း(ပူတာအို)တို့ ပူးပေါင်းမှုဖြင့်ကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ()နာရီခွဲက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း (ပူတာအို)သင်တန်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အိမ်တွင်းမှုသင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ်ကြီး ဒေါ်ခင်ဌေးရီက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အစီအစဉ်ဒုတိယပိုင်းတွင် အိမ်တွင်းမှုသင်တန်းကျောင်း(ပူတာအို)ကျောင်းအုပ်ကြီးနှင့်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အိမ်တွင်းမှုသင်တန်းကျောင်း(ပူတာအို)၏အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်()သင်တန်းသူများဖြစ်ကြသည့် မစွဲ့အိဖြူက လူငယ်နှင့်နောင်တခေါင်းစဉ်ဖြင့်လည်းကောင်း၊မခိုင်သဇင်ကလူငယ်နှင့်ရိုးသားခြင်းခေါင်းစဉ် ဖြင့်လည်းကောင်း၊မအလိုင်းဂျာဒွဲကလူငယ်နှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနွယ်နီဝင်းကလူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးအေးလှိုင်ကလူငယ် နှင့်လူမှုရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာသည့် သင်တန်းသူများက ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးသူများက ကျရာခေါင်းစဉ်အလိုက် မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းအုပ်ကြီးနှင့်ခရိုင်ဦးစီးမှူးတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ စကားဝိုင်းကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။အခမ်းအနားအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်ပြပွဲ၊ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲများကို သင်တန်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ပူတာအို)