မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့်စာဖတ်ဝိုင်းကျင်းပ

မရမ်းကုန်း ​သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်​နေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာ​ပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိလာ​စေရန် ရည်ရွယ်၍ စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။​

ရှေးဦးစွာ စာအုပ်စာ​​စောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာ​ရေးဆရာ​မြေလတ်ထင်​ကျော်မိုးက အဖွင့်အမှာစကား​ပြောကြားပြီး စာရေးဆရာ ကျော်ထင်ရာဇာက မိဘမေတ္တာဘွဲ့ စကားပြေကဗျာရှည်ကိုလည်း​ကောင်း၊ ဆရာမလမင်းအိမ်(ဥပဒေ)က ရွှေအိုရောင်ကမ်းခြေ ဝတ္ထုတိုကိုလည်း​ကောင်း၊ ဆရာမဥုံဥုံဖွားက အပြုံးမပျက် ပန်းချီကားတစ်ချပ် အက်ဆေးကိုလည်း​ကောင်း၊ ဆရာစိန်လင်းက တစ်မျက်နှာဟာသဝတ္ထုတို တို့ကိုလည်းကောင်း ဖတ်ကြားခဲ့ပြီး တက်​​ရောက်လာသူများမှ အပြန်အလှန်​ဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

အေး​အေး​အောင်(ပြန်/ဆက်)