ပုဇွန်တောင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

 

ပုဇွန်တောင် ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ် (၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ(၂၂)ရက်နေ့ နံနက်၉နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၃၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူးကိုကိုဝင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ မော်တော်ယာဉ်မောင်းနှင်စဉ် လိုက်နာရမည့်အချက်များ၊ လမ်းကူးရာတွင် သတ်မှတ်ထားသည့် လူကူးမျဉ်းကြားမှသာ စည်းကမ်းတကျကူးစေရေးနှင့် ခြေလျင်လျှောက်သူများနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များ စသည်တို့ကိုဟောပြောခဲ့ပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန် အသိပညာပေးရုပ်သံများအား  projector ဖြင့်ပြသခဲ့ပြီး တက်ရောက်လာသောဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်