ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မောင်တော ဩဂုတ် ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်အဆင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးကအမှာစကားပြောကြားပြီး ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ တာဝန်ရှိသူများက မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့်ကျေးရွာများရှိ လယ်ယာမြေများတွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်ထားသော မိုးစပါးများ စိုက်ပျိုးထားရှိမှု၊ ကျေးရွာများအလိုက် လယ်ယာမြေများ ထွန်ယက်ပြီးစီးမှု၊ လယ်ယာမြေများတွင် ဓာတ်မြေဩဇာများ ကြဲပက်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သတ်မှတ်ထားသော လျာထားစိုက်ဧက ပြည့်မီနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် မောင်တောခရိုင်အတွင်း ဒေသတွင်း ငါးဖူလုံစွာစားသုံးနိုင်ရေး၊ ငါးသယံဇာတ တိုးပွားနိုင်ရေးအတွက် ငါးလွှတ်ပွဲများ ဆောင်ရွက်မည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်