ကျောက်တော် ဩဂုတ် ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင် ၊ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်းရှိ ကျောင်းသား၊ကျောင်းသူများအား နယ်လှည့်ဟောပြောပွဲကို ယမန်နေ့နံနက် ၁ နာရီအချိန်က ပိုက်သည်ရပ်ကွက် မဟာကံကြီးရှင်ဘုရား ယာယီခိုလှုံရာစခန်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်ပြီး အသိပညာပေးဟောပြောရာတွင် အပိုဒ်(၁) အသက် ၁၈ နှစ်အောက် မည်သူမဆို ဤအခွင့်အရေးများကို ခံစားခွင့်ရိကြောင်း၊ အပိုဒ်(၂) ကလေးသူငယ်များအား လုံးခွဲခြားဆက်ဆံခြင်းမှ အကာအကွယ်ရပိုင်ခွင့်ရှိကြောင်း၊ အပိုဒ်(၃)အရွယ်ရောက်ပြီးသူတိုင်းက ကလေးသူငယ်များအတွက် အကောင်းဆုံးဖြစ်အောင် အမြဲတစေလုပ်ဆောင်ပေးသင့်ကြောင်း စသည့်အကြောင့်အရာများအား ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာကြည့်ရှုနိုင်ရန် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများ၊ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ အထိမ်းအမှတ်နေ့ရက်များအလိုက် ဟောပြောပွဲများ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်ပေးခြင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသမီးကော်မတီမှထုတ်ဝေသော ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချရေးလက်ကမ်းစာစောင်များကို ယာယီခိုလှုံရာစခန်းမှ ပြည်သူများသိရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း