လားရှိုးမြို့၊ ၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြည့်ရှုအားပေး

လားရှိုး ဩဂုတ် ၂၅

၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲကို  ယမန်နေ့ ညနေ ၃ နာရီအချိန်က လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများ၊ ဘောလုံးချစ်ပရိသတ်များ ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

အကြိုဗိုလ်လုပွဲတွင် RYDA FC   နှင့် အာရောဂျံ FC အသင်းတို့ ယှဉ်ပြိုင်ကြရာ အာရောဂျံ FC က RYDA FC  အသင်းကို ၂ ဂိုး ၀ ဂိုးဖြင့်အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီဖြစ်ပြီး ဗိုလ်လုပွဲတွင် Lashio City  အသင်းနှင့် ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မိုးရာသီဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို အုပ်စု(၄)စု အသင်းပေါင်း (၁၆) သင်းဖြင့် ဩဂုတ်လ ၄ ရက်နေ့မှ စတင်ကာယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)