၂၀၂၂-၂၀၂၃ မိုးစပါးရေတော်၊မိုးတော် ထွန်တုံးပိတ်ပွဲအခမ်းအနား တွံတေး၌ကျင်းပ

တွံတေး သြဂုတ်၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ စပါးခွံဖွဲပြာအသုံးပြုစိုက်ပျိုးသည့် တောင်သူဦးမင်းဟန်၏လယ်မြေတွင် ၂၀၂၃ -၂၀၂၄ ခုနှစ် မိုးရာသီရေတော်၊ မိုးတော် ထွန်တုံးပိတ်ပွဲနှင့်စပါးခွံဖွဲပြာမြေဩဇာစမ်းသပ်ကွက်အတွက် မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား ဩဂုတ်လ(၂၂)ရက်နေ့နံနက်၉နာရီအချိန်တွင် တွံတေးခရိုင်၊တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ပဒန်ရေကျော်ကျေးရွာ စပါးခွံဖွဲပြာအသုံးပြုစိုက်ပျိုးသည့် တောင်သူဦးမင်းဟန်၏လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်ကျော် အဖွင့်အမှာစကားပြောကြားခြင်း၊ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးခင်မောင်ဦးက စပါးစိုက်ပျိုးသည့်နည်းစနစ်များအားရှင်းလင်းပြီး စပါးခွံဖွဲပြာစမ်းသပ်ကွက်အတွက် အသုံးပြုစိုက်ပျိုးသည့် တောင်သူဦးမင်းဟန်အား စပါးခွံဖွဲပြာမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောက်ရွက်ခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့်တောင်သူတစ်ဦးမှ  သီးထပ်စိုက်ပျိုးမည့်အခြေအနေများနှင့် စပါးစိုက်ပျိုးသည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့မှ မျိုးသန့်မျိုးစေ့ထုတ်စံပြကွက်တွင် စပါးစိုက်ပျိုးမှုအား ကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါထွန်တုံးပိတ်ပွဲသို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်ကျော်၊  အဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီးသန့်ဇင်၊ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ကျေးရွာအုပ်စုများမှ တောင်သူများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 တွံတေးသား