သန်လျင် သြဂုတ် ၂၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ဗဟို(မူလွန်)ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာမှ ဦးစီးအရာရှိ ဦးလင်းလင်းထွန်းက “လူငယ်နှင့်ခေါင်းဆောင်” ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က ယနေ့လူငယ်နောင်ဝယ်လူကြီး ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဓာတ်ပုံ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ခင်းကျင်းပြသပေးခဲ့သည်။
အလားတူ လူငယ်ရေးရာဟောပြောပွဲများကို သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)