မိုင်းပန်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်များ တွေ့ဆုံဆွေးနွေး

မိုင်းပန်        ဩဂုတ်         ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာအုပ်စု၊ မိုင်းဟောင်းကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းတွေ့ဆုံ၍ ကျေးရွာအတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ ဆွေးနွေးဟောပြောခြင်းအခမ်းအနားကို မိုင်းဟောင်းကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံတော်မှအကောင်အထည်ဖော် ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသများလျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့၏ဌာနတွင် အကောက်အထည်ဖော်ဆောင်ရွက်နေ့သည့်လုပ်ငန်းများအား ရှင်းလင်းပြောကြာခဲ့ပြီး  တွေဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော မိုင်းဟောင်းကျေးရွာနေပြည်သူများမှ မိမိတို့သိရှိလိုသည်များ၊ လိုအပ်ချက်များ၊ တင်ပြချက်များနှင့် မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာဌာနအကြီးအကဲများမှ ပြန်လည်ရှင်းလင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးသန်းအောင်က ကျေးရွာနေပြည်သူများဆောင်ရွက်ထားရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုဇယားများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံပေးအပ်ခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပြီး အခမ်းအနား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)