ရွှေပြည်သာမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

မင်္ဂလာဒုံ ဩဂုတ် ၂၃

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်အတွက် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့မှ ကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေပြည်သာမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ပါမောက္ခ ဦးကိုကိုအောင်က အမှာစကားပြောကြားပြီး မင်္ဂလာဒုံခရိုင် တပ်ဖွဲ့စုမှူး အမှတ် (၆၅)ယာဉ်ထိန်း ဒုရဲမှူး ဇော်ဇော်စိုး၊ YRTC မှ အတွင်းရေးမှူး ဦးကိုကိုအောင်တို့က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနှင့် ယာဉ်တိုက်မှုနှင့်ပတ်သက်သည့် ဥပဒေများကို အသိပညာပေး ဟောပြောခဲ့ကြသည်။

အခမ်းအနားကို ရွှေပြည်သာမြို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ စုစုပေါင်း ၁၂၀ ခန့် တက်ရောက်ခဲ့ပြီး သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရှိရသည်။

ဝုန်လွန်းညောင်(ပြန်/ဆက်)