တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ Community Based Quarantine Center များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် အင်ဂျင်ဝိုင်နှင့် Oil Filter Box များလှူဒါန်း

တောင်ဥက္ကလာပ အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ Community Based Quarantine Center များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အင်ဂျင်ဝိုင်နှင့် Oil Filter Box များအား ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် Community Based Quarantine Center များ၊ အရေးပေါ် လူနာတင်ကားများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ နှင့် ဆက်စပ်အသုံးပြုသော မော်တော်ယာဉ်များအတွက် အင်ဂျင်ဝိုင်နှင့် Oil Filter Box များကို United Desire Company Limited နှင့် Shwe Sat Kyar Company Limited တို့မှ လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 
ခင်ဆွေနှင်း (ပြန်/ဆက်)