စုကလိမြို့တွင် ကျောင်းသားလူငယ်များနှင့် မူးယစ်ဆေးဝါးများအကြောင် အသိပညာပေးဟောပြောပွဲ

စုကလိ ဩဂုတ် ၂၄

ယနေ့ကျောင်းသားလူငယ်များကြားတွင် ဘုံရန်သူအဖြစ် ပေါ်ပေါက်နေသော မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်းများအား ကျောင်းသား လူငယ်များ သိရှိနိုင်ရန်ရည်ရွယ်ချက်များဖြင့် ယမန်နေ့ညနေပိုင်းအချိန်က စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က စုကလိ) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြု့ရုံးမှ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဦးကိုကိုအောင်က မူးယစ်ဆေးဝါး အမျိုးမျိုးအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း  လူငယ်များ၏ အနာဂတ်များတွင် မူးယစ်ဆေးကြောင့် ဘဝများလူညွန့်တုံးရပုံများအကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများအား မည်သို့မျှအစပြု၍ မသုံးစွဲကြရန် တို့ကိုဟောပြောပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြု့ရုံးမှ အသိပညာဗဟုသုတ တိုးပွားစေရေး စာပေဖတ်ရှုနိုင်သော စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသူ/ ကျောင်းသားများမှ စိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ပိုပိုအောင်