ကိုဗစ်-၁၉ ကာလ၌ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း

တောင်ဥက္ကလာပ    အောက်တိုဘာ ၁၅


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ We Love South Okkalapa အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို We Love South Okkalapa အဖွဲ့က ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ လှည့်လည် ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် We Love Yangon သို့ လှူဒါန်းသော လှူဖွယ်ပစ္စည်းများကို အလှူရှင်များ ကိုယ်စား We Love South Okkalapa အဖွဲ့မှ အဖွဲ့သားများ စုပေါင်း၍ ဘုန်းကြီးကျောင်း (၁)ကျောင်းလျှင် ဆန်(၆)ပြည်ပါ (၄)အိတ်၊ ဆီ (၃)ဗူး၊ ခေါက်ဆွဲခြောက် (၁) ပါကင်၊ ငါးသေတ္တာ (၁၀)ဗူး၊ ကြက်ဥ (၁၅) လုံး၊ ပဲ(၁)ပိဿာ၊ အချိုရည် (၁)ကဒ်၊ Tea Mix (၁)ပါကင်၊ နို့မုန့် (၁)ပါကင်၊ နှာခေါင်းစည်း (Mask) (၁)ဗူး၊ လက်ဖက် (၁၀)ထုပ် အစရှိသော လှူဖွယ် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်း (၄၀)ကျောင်းအား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
နေထက်အောင်