လဲချား ဩဂုတ် ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ဟိုနောင်လုံ)တွင် ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ရာတွင် လဲချားမြို့နယ် ကုသရေးနှင့်ကျန်းမာရေးဌာစီးဌာနမှ ဒေါက်တာ ဇင်မောင်နွယ် ဦးဆောင်သောအဖွဲ့သည် အခြေခံပညာမူလတန်းကျောင်း (ဟိုနောင်လုံ)တွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ အာဟာရရက်သတ္တပတ်အဖြစ် အသက်(၅)နှစ်အောက် ကျောင်းသား/ သူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ အစာအာဟာရနှင့်ပတ်သက်သော အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)