ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များအားပြသ

ကော့မှူး အောက်တိုဘာ ၁၅

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများ ပြသထားရာ ယနေ့ နံနက်က ပြည်သူများ လာရောက်ကြည့်ရှု နေကြောင်း တွေ့ရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ မီဒီယာနှင့်သတင်းအချက်အလက်များ သိရှိနားလည်မှုမရှိသော မိဘအုပ်ထိန်းမှု အတက်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်နှင့် ထင်မြင်ယူဆချက်များ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်းဆွေးနွေးရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကျန်းမာရေးအသိ ပညာပေးပိုစတာများနှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ပြည်သူများကြည့်ရှုနေကြောင်း တွေ့ရသည်။

မြေစိုက်နံရံကပ်ပြဘုတ်တွင် လစဉ်နိုင်ငံတော်အကြီးအကဲများ၏ ဆောင်ရွက်ချက်မှတ်တမ်းများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများအား မှတ်တမ်းဓာတ်ပုံများဖြင့် ပြသ ပေး‌ထားကြောင်း သိရသည်။

ကျော်သူရ ကော့မှူး