ညောင်ဦး ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်အမျိုးသမီးကော်မတီအစည်း ညောင်ဦးခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှချမှတ်ထားသော မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အစီအမံများဖော်ဆောင်ရာတွင် လိုအပ်သောအရင်းအမြစ်များရရှိရေး၊ သက်ဆိုင်ရာဒေသအတွင်းရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး၊ ဒေသအဆင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်းများ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ဒေသတွင်းအမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှုမရှိစေရေးစသည်ဖြင့် အဖွင့်အမှာစကားပြောကြားကာ ညောင်ဦးခရိုင် အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်သန်းက လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်ကော်မတီအစည်းအဝေးတက်ရောက်လာသည့် သက်ဆိုင်ရာကဏ္ဍအလိုက်တက် ရောက်လာသည့် ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသမီး ကော်မတီ ဝင်များနှင့်ဌာနဆိုင်ရာများမှဆွေးနွေးကြကာ ညောင်ဦးခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးပထမပိုင်း အစီအစဉ်အား ခေတ္တခဏရပ်နားသည်။
ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲအား ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးခြင်းဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဒီပါလင်း