မိုင်းယောင်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

 

မိုင်းယောင်း ဩဂုတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများအား ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ် ၂၂ ရက်က ရပ်ကွက်နှင့်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် ဒုတိယဦးစီးမှူး ဒေါက်တာမျိုးမြင့်ကျော်တို့က ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲ၊ ခွာနာ၊ လျှာနာ၊ ဒေါင့်သန်းရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကောင်းမွန်သောကျင့်စဉ် မွေးမြူရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောခဲ့ကြပြီး ကျေးရွာအတွင်းရှိ ကျွဲ၊ နွား တိရစ္ဆာန်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းစီဖေါင်း(ပြန်/ဆက်)