မရမ်းကုန်းမြို့နယ် Quarantine Center သို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒုတိယအကြိမ် မြက်ဖျာ၊ ခြင်ထောင်၊ စောင်အစရှိသည့်​​ပစ္စည်းများ လာရောက်လှူဒါန်း

မရမ်းကုန်း အောက်တိုဘာ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရန်ကုန်အနောက် ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် Quarantine Center အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဒုတိယ အကြိမ် ငွေကျပ်(၈၇၉၄၀၀)တန်ဘိုးရှိ မြက်ဖျာ၊ ခြင်ထောင်၊ စောင်အစရှိသည့် ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းက အထက ()ကျောင်း Quarantine Center လာရောက်လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပစ္စည်းများမှာ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ ()မျိုးတွဲ၊ မြက်ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် စသည့်ပစ္စည်းများ စုစုပေါင်း(၅၀)စုံနှင့် ၂၄ လီတာဆံ့ အမှိုက်ပုံး ()ပုံး တို့ကို လာရောက်လှူဒါန်းရာ လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ် တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)