တိုက်ကြီး သြဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ " ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက်(၂)ဖြင့် ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အဖျောက်မြို့တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးအောင်မင်းထွေးနှင့်ဝန်ထမ်းများက အဖျောက်မြို့ပေါ်ရပ်ကွက်များနှင့် အုန်းပင်ကွင်းကျေးရွာအုပ်စုများရှိမှတ်ပုံတင်မရှိသေးသူ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ပြည့်ပြီးသူ ပြည်သူ(၁၃၃)ဉီးနှင့် (၁၈)နှစ်အထက် ပြည်သူ(၁၅၈)ဦး စုစုပေါင်း(၂၉၁)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသည်။
တိုက်ကြီးခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသော ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများက ပူးပေါင်းဆောင်ရွက် ပေးကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန် / ဆက်)