တောင်ကုတ်ခရိုင်၌ မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားကျင်းပ

တောင်ကုတ် ဩဂုတ် ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၏ မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က တောင်ကုတ်မြို့နယ် ၊ ကန်းဒေးကျေးရွာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးတို့က လယ်ယာကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးအတွက် အမှာစကားပြောကြားပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး(တာဝန်ခံ)ဦးထွန်းသိန်း က ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေနှင့် ထွန်တုံးပိတ်ပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက (EM)ဘိုကာရှီပြုလုပ်နည်းများကို လက်တွေ့သရုပ်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မြင့်လှိုင်နှင့်တာဝန်ရှိသူများ၊ တောင်သူများကကြည့်ရှုသည်။ တောင်ကုတ်ခရိုင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ၊ မိုးစပါးစိုက်ဧက (၉၅၇၂၃)ဧကရှိပြီး တောင်ကုတ်မြို့နယ်တွင်(၆၈၄၀၂)ဧက၊ မာန်အောင်မြို့နယ်တွင် (၂၇၃၂၁)ဧကရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်