ဘူးသီးတောင် သြဂုတ် ၂၃
လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာ၊ ဗဟုသုတသများ တိုးပွားလာစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတ ကျောင်းခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ် အေးအေးအောင်က လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း လူကုန်ကူးမှုအန္တရာယ်၏ ဆိုးကျိုးများအကြောင်း၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ်များအကြောင်း၊ ဂန္ဓာရီပရဟိတကျောင်း ဂေဟာမှူး ဦးသိန်းမောင်က လူကုန်ကူးသူများ ကျူးလွန်လေ့ရှိသည့် အလေ့အထများအကြောင်းတို့ကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)