ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသားသူကလေးငယ်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာ​ပေး​ဟော​ပြော

ထန်းတပင်(ရန်ကုန်) ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ..က(ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို ဩဂုတ်လ(၂၂)ရက်နေ့၊ နံနက်ပိုင်းက အသိပညာပေးဟောပြောသည်။

နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်ကဏ္ဍများ တိုးတက်မှုရှိစေရန် အဂတိကင်းစင်ရန်အရေးကြီးပြီး အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်အတွက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးဟောပြောခြင်းဖြစ်ပြီး အသိပညာပေးဟောပြောပွဲကို ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ..က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဟောပြောပွဲတွင် အ..က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ် ဆရာကြီးဦးအေးမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးက ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မထုတ်ပြန်ထားသည့် (၂၀၁၈)ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက်၊ လုပ်ငန်းစဉ်(၁၀)ရပ်နှင့်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အသိပညာပေးဟောပြောသည်။

ဇင်မင်းထိုက်(ထန်းတပင်)